လတ်တလော အတွေးများ
Tuesday, September 4, 2007
ဘာရယ်မဟုတ်ပါဘူး.. အခုတလော ခံစားမိတာပါ..
- လူဆိုတာ ကိုယ့်ဦးနှောက်နဲ့ အသက်ရှင်ခွင့်မရှိရင် ..သေတာနဲ့ ဘာမှ မထူး ဘူး
- သူများပြောသမျှ ယုံဖို့ မဟုတ်ပါ.. ကိုယ့်ဦးနှောက်နဲ့ ဆင်ခြင်နားလည် နိုင်မှသာ .. လူဖြစ်ကျိုးနပ်မယ်..
- သူများ ကို မတရား နိုင်ထားရတာ အလွန်ပင်ပန်းပါတယ်..
- အတုံ့ အလှဲ့ ဆိုတာ နေရာတိုင်းမှာ ရှိတယ်..
- ကိုယ်များ နိမ့်ကျတဲ့ ဘ၀ကို ရောက်ခဲ့လို့ .. သူတို့ ကိုယ့်ကို နိုင်လဲ.. ကိုယ်မြင့်တဲ့ အချိန်မှာ ပြန်မနိုင်ပါရစေနဲ့..
- ကိုယ့်ပြောနေတာကို လူတွေ မယုံပဲနဲ့ စိတ်ထဲက..ကြိတ်ဟားနေကြရင် ဘယ်လောက် ရှက်ဖို့ ကောင်းတယ်.. ရှက်တတ်ဖို့လဲ လောကမှာ အရေးကြီးတယ်..
မျက်စိ မဖွင့် ... ဇွတ်မှန်တယ် ထင်နေလို့ ကတော့ ဘယ်တော့မှ . အသိဥာဏ်တိုးမှာ မဟုတ်ဘူး .
Posted byThelay at 9:46 PM 2 comments
သရဲခြောက်ခံရသော ညတည
Wednesday, July 25, 2007
ညသည် တဖြည်းဖြည်းနဲ့ သိပ်သည်းလာပြီ.. ညမှောင်လာသည်နှင့် အမျှ အလင်းတို့ လျှော့ပါးလာသည်.. မှန်ပြတင်းမှ တချက် အပြင်ကို ကြည့်လိုက်သည်. .သြော်.. အပြင်တောင် မမြင်နိုင်ပါတော့လား.. သို့ဆိုလျှင်.. ဤမှန်တခါးတို့၏ အဓိပယ် ဘယ်မှာ ပြီပြင်ပါတော့နည်း.. မှန်သည် ထွင်းဖောက်၍ မြင်နိုင်စွမ်းရှိရမည် မဟုတ်လော... သို့သော်လည်း မိုးစက်တို့စွန်းပေ နေသော အပြင်တွင် မှောင်နေပြီး အတွင်းတွင် လင်းနေသော ကြောင့် မှန်၏ အဓိပယ် မဲ့ခဲ့ ပြီ.. ဤမှန်တခါးတို့သည်.. နေ့တွင် အပြင်မှ အတွင်းကို မမြင်နိုင်သောလည်း .. ညတွင်တော့ အတွင်းကို ထင်ရှားစွာ မြင်နိုင်သည်.. အပြင်က နီယွန်မီးတို့ ကလဲ ဝေးကွာသော နေရာတွင် ရှိကြသောကြောင့် အလင်းရောင် ကောင်းကောင်းမပေးနိုင်ပေ။ အပြင်သြကာသ လောကကြီးကား အမှောင် အတိပြီးနေသလိုပင်ထင်ရသည်.. အပြင်ကို ကြည့်ရင်း သူတစ်ယောက်တည်းဆိုတာ သတိရလိုက်သည်...ကျောထဲစိမ့်သွားသလိုပင်.. နာရီက ၉ နာရီ စွန်းစွန်းတွင် လက်တံတိုငြိမ်နေသည်.. အမှန်တကယ်တော့ ဒီအချိန်သည် ဒီမြို့တွင် စောသေးသည်.. သို့သော်. ဒီနေ့ မိုးသည်းစွာရွာမှုကြောင့် ရုံးရှိ လူအားလုံးလည်း ပြန်ကုန်ကြပြီ.. သူတစ်ယောက်သာ မပြီးစီးသေးသော အလုပ်ကို လက်စသတ်ရင်း ကျန်ခဲ့သည်.. ခုနက စာရေးမကတော့ ပြောသား စောင့်ပေးရမလားလို့.. သူများကို ဒုက္ခမပေး ချင်သော သူ့အကျင့် မကြောက်တတ်ဘူးလို့ အထင်ကြီးစိတ်တို့နှင့် ငြင်းခဲ့သည်.. ခုတော့ ကျောချမ်းသည်.. မိုးကလဲ သည်းထန်စွာရွာသွန်းနေသည်.. မိုးစက်တို့ မှန်တခါးကို လာရောက်ထိမှန်နေသည်.. သူရိုက်နေသော ကီးဘုတ်သံ ချောက်ချက်ချက်မှ တပါး ဘာသံမျှ မကြားရ.. မဖြစ်သေးပါဘူး .. အလုပ်ကို လက်စမြန်မြန်သတ်မှပါ.. ထိုစဉ်.....
တင်း......တောင်....
ဟော.. လူခေါ် ခေါင်းလောင်း မြည်သံ ဆူညံစွာ ထွက်ပေါ်လာသည်.. နာရီဆီ သို့ မျက်လုံးက ရောက်မိတော့ လက်တံတိုသည်. .၁၀ နာရီ နား ကပ်နေပြီ.. ကြည့်ရသည်မှာ လုံခြုံရေး လာစစ်ပုံ ရသည်.. သူတခါးနားသို့သွား၍ ကြည့်သည်.. တခါးကို မဖွင့်ရဲ.. ဘယ်သူမျှ မရှိ. တော်ကြာ. သူခိုးတို့ဘာတို့ ဖြစ်နေမှဖြင့်.. မှန်တခါးမှ ကပ်၍ အပြင်သို့ ကြည့်သည်.. မမြင်ရ.. သူ အတွင်းမီးပိတ်၍ ပြန်ကြည့်သည်.. ဘယ်သူမျှ မရှိ..
ကြက်သီး ထလာသည်..
ကဲ ငါပြန်တော့မှပါ.. ငါဒီသတ္တိနဲ့တော့ မဖြစ်သေးပါဘူး.. အလုပ်ကလဲ ပြီးရန်လိုသေးသည်.. မပြီးလျှင် မနက်ဖြန် Presentation ကျ ဒုက္ခရောက်နိုင်သည်.. ကြည့် ရတာ တစ်ယောက်ယောက်လာတီးတာ နေမှာပါ. သူကြာနေ၍ ပြန်သွားတာ ဖြစ်နိုင်သည်.. တကယ်တော့ ဒီအဆောက်အအုံတွင် သူတို့ ရုံးမှ လွဲ၍ ဘယ်သူမှ မရှိကြသေး.. အဆောက်အအုံသည် ဆောက်တာ မကြာသေး.. ဟာ.. ငါကိုယ့်ဘာသာကိုယ် ပိုကြောက်အောင်လုပ်မိပြန်ပြီ.. ဘာမှ မရှိပါဘူး.. သူအဲဒါတွေ မယုံပါဟု အမြဲပြောခဲ့သည်.. အမြဲလည်းထိပ်တိုက်တွေ့ချင်သည် ဟု စိန်ခေါ်ခဲ့သည်.. အခုတော့ သွေးပျက်ချင်နေပြီ..
တင်း....တောင်..
သူ ကြက်သေသေ၍.. အပြင်ကို ထွက်ကြည့်သည်.. မယုံ.. သူလုံဝမယုံပါ.. အပြင်လောကကား ငြိမ်သက် လှချည်လား. .သူအပြင်ပန်းခြံ အနှံ.. လျှောက်ကြည့်သည်.. Is anybody there?.. ဘာသံမျှမကြားရ..
သူသည် တခါးကို အမြန်သော့ပိတ်၍ ပြန်ခဲ့လေပြီ.. တကယ်တော့သူ ကြောက်တတ်ပါသည်..
Posted byThelay at 5:50 PM 1 comments
သိရင် ပြောကြပါ..
Tuesday, July 17, 2007
ဂရေဟမ် ဆိုတဲ့ သီချင်းလို့ ထင်ပါတယ်. .ရှိရင် ပေးကြပါ.. ခေါင်းစဉ်မသိ.. စာသားနည်းနည်းပဲ သိပါသည် ..
ရိုးသားတဲ့ ငါ့မျက်ဝန်းအိမ်ထဲ .. မင်းပေးတဲ့ ဒဏ်ရာတွေနဲ့ပဲ..လိုရာသွားပါ.. ချစ်တဲ့ မင်းကို .... ကြည့် ရင်း ဝေးခွင့် ပေးမှာပါ..
အဲဒါနဲ့ သံဇဉ်တူတဲ့သီချင်းက .. Su Taung - Rozan-Kabyar Bwe Hmuu
http://www.myanmarmp3.net/album.aspx?AlbumID=540
mms://streamserv.myanmarmp3.net/mmp3/stream/Various/Min A Nar Shi Yin/05 - Rozan - Gabwyar Bwe Hmuu - Su Taung.wma
Posted byThelay at 1:38 PM 0 comments
Labels: သီချင်း
တွေးဝေ့လည်လည်
အခုတစ်လော နေရာတော်တော် များများမှာ ဒွေး နာရေး အကြောင်းတွေ ဖတ်ရပါတယ်.. ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်ဆိုတော့ ပတ်ဝန်းကျင် အသိုင်း အ၀ိုင်းကို တော်တော် ရိုက်ခတ်သွားတာပဲ.. ဒါကို စပ်စပ်ပြီး.. သဲလေး တစ်ယောက် အတွေးနယ်ချဲ့ မိတယ်.. ဒွေး အတွက် လွမ်းစေတီ တွေ ဘာတွေ တည်ထားမယ် တဲ့ .. ချမ်းသာတဲ့ အသိုင်း အ၀ိုင်း ဖြစ်တဲ့ အတွက်.. နောက် အခြေအနေလဲ ပေးတဲ့ အတွက် ဒွေးက ကံကောင်းတယ်များ ပြောရမလား.. တစ်ချို့ လူတွေ ကြတော့ လည် သေလို့သေမှန်းတောင် မသိကြ .. နောက် ဖြစ်သလိုပဲ ပြီးစီး အောင် လုပ်လိုက် ကြရတဲ့ သူတွေ လဲ အများကြီး ရှိမှာပါပဲ.. သေတာတောင် ၀မ်းနည်းမဲ့ သူမရှိ.. ပိုက်ဆံ ကုန်ဖို့ ဒုက္ခပေးတယ် လို့ အပြစ်တင် ခံ ရတဲ့ ဆင်းရဲသားတွေ လဲ အများ ကြီး ရှိမှာပါပဲ.. လောက ကြီး က မတရားဘူးလို့များ အပြစ်တင် ရတော့ မလား .. တူညီတာ တစ်ခုကတော့ ဘယ်သူမဆို ဒီလမ်းကို လျှောက် ကြရမှာပါပဲ.. လျှောက်ပုံ လျှောက်နည်းပဲ ကွဲကြမှာပါပဲ.. သေဆုံးခြင်းရဲ့ နောက် ကွယ် မှာ .. ဘာတွေ ရှိနိုင်မလဲ.. ကံဆိုတာ မိမိ ပြူခြင်းတဲ့ .. ဘ၀ဆိုတာလဲ ကိုယ်ဖန်တီးတဲ့ ဘ၀ပါပဲ.. ကိုယ်ဘယ်လို ဖန်တီးခဲ့ သလဲ ဆိုတာပဲ ကွာမှာပါ.. သေဆုံးခြင်း ရဲ့ တခြားတဖက်မှာ.....
Posted byThelay at 11:17 AM 0 comments
မီးဘေးရှောင် .. မလောင်ခင်တား
Saturday, July 14, 2007

ဒီနေ့ သဲလေး အလုပ်လုပ်တဲ့ changi business park မှာ fire alarm မြည်လို့ ဒီနားက လူတွေ အကုန် အောက်ဆင်းရပါတယ်.. သဲလေးတို့ ကုမဏီကတော့ register မလုပ်ရသေးလို့ ဆင်းစရာမလိုဘူးဆိုလားပဲ.. တကယ်များ မီးဆိုရင်တော့ ဘယ်လိုနေမလဲ မသိဘူး.. အရင် အလုပ်မှာတုန်းက exercise ဆိုပြီး အဲဒီလို လုပ်ရပါတယ်.. တကယ်မီးလောင်ရင် လုပ်ဖို့ ကျင့်ပေးတာပေါ့.. lift တွေအကုန်ပိတ်ပြီး.. လူတိုင်းခြေကျင်ဆင်းရပါတယ်.. ၁၆ ထပ်ကနေ ..အောက်ရောက်ရင် ..အသက်မနည်းရှုရတယ်.. နောက်အခါတွေကျ .. လူတွေက လည်သွားပြီး.. သူတို့ ဒီနေ့ဒီအချိန် လုပ်မယ်လို့ကြိုကြေညာထားရင် ..အဲဒီအချိန်မတိုင်ခင်ကတည်းက ကြိုဆင်းကြရော..
ရေနံချောင်းက မီးလောင်တာ ကို သတိရမိတယ်.. စင်ကာပူက လူတွေများ အဲလိုကြုံရင် ဘယ်လိုများနေမလဲ မသိဘူး.. သဲလေး ရေနံချောင်းမှာ နေခဲ့တဲ့ တလျှောက် မီးအကြီးအကျယ်လောင်တာ ၃ ခါကြုံဘူးပါတယ်.. ငယ်ငယ် တုန်းက တခါ.. နောက် ၁၀တန်းလောက်က တခါ.. နောက် ကောလိပ်ကျောင်းရောက်မှ တစ်ခါပါ.. ရေနံချောင်းက ခဏခဏ မီးလောင်တယ်.. အရမ်းပူတာက တမျိုး.. နောက် .. အိမ်ခြေထူတာက တမျိုး ထင်ပါတယ်.. ငယ်ငယ်တုန်းက မီးလောင်တုန်းက အိမ်နဲ့ သိပ်မဝေးဘူး.. နောက် .. အဲတုန်းက ကျောင်းတက်နေတဲ့ အချိန်.. အဲဒါ သူငယ်ချင်းအိမ်က ခေါ်သွားတာနဲ့ သဲလေး လဲ လိုက်သွားရော.. အဖေက လာခေါ်တော့ သဲလေးမရှိတော့ဘူး.. နောက် ဖုန်းလိုင်းတွေလဲ အလုပ်မလုပ်တော့ သူငယ်ချင်းအိမ်က လဲ အကြောင်းကြားမရဘူးပေါ့... အဲတုန်းက သဲလေးအိမ်က သဲလေးကို တော်တော်နဲ့ ရှာမတွေ့ဘူး.. မီးငြိမ်းလို့ .. အကုန်ပြန်တော့ကို သူငယ်ချင်းအိမ်က နွားလေး မွေးလို့ဆို သွားကြည့်နေတာ.. နောက် သူငယ်ချင်းအိမ်က အိမ်ပြန်ပို့တော့ အိမ်က ရိုက်ခံရရော.. ခေါ်တိုင်းလိုက်သွားလို့ ဆိုပြီး.. ဟီးဟီး...
၁၀ တုန်းက မီးကတော့ အိမ်နဲ့ တော်တော်နီးပါတယ်.. တိုက်နှစ်တိုက်နဲ့ လမ်းပဲခြားတာပါ.. အဲဒီနေ့က ထူးထူး ခြားခြားပါ.. မီးမလောင်ခင်က မိုးတွေ အရမ်းရွာပါတယ်... မိုးရွာတာမှ ရွဲနေအောင် ရွာတာပါ.. နောက် မီးကလဲ ပျက်တော့ .. သဲလေးတို့အိမ်က မီးစက်ထွန်းထား.. တံခါးတွေလဲ အလုံပိတ်ထားတော့ ဘာသံမှ မကြားရဘူး.. မှတ်မှတ်ရရ နောက် နေ့ ပထမ အစမ်း မြန်မာစာဖြေရမှာပါ.. သဲလေးရယ် သဲလေးအမရယ်က ဂိုက်ဆရာမနဲ့ စာကြည့်နေတုန်း အဲဒါ လမ်းထဲက အိမ်က အိမ်ကို လာတံခါးခေါက်.. ဦးလေး ..ဈေးထဲမှာ မီးလောင်လို့ဆိုပြီး လာပြောတယ်.. မိုးကလည်းသည်း မီးကလဲ ပျက်တော့ တော်တော်များများ အိမ်တွေက အိပ်ကုန်ပါပြီ.. မီးသံချောင်း ကို တော်တော် ကောက်ယူရတယ် အဲဒါနဲ့ သဲလေးတို့လဲ .. အိမ်လဲ အိမ်ပြင်ထွက်ကြည့်တော့ တိုင်လေးတွေ ရဲတုန်းပဲ ရှိပါသေးတယ်.. နောက် ခဏကြည့်နေတုန်းမှာပဲ မီးက တော်တော်ကြီးလာပါပြီ... အဲဒါနဲ့ အဖေက လဲ ဆရာမကို သူ့အိမ်လိုက်ပို့ .. သဲလေးတို့လဲ ပစ္စည်းတွေ သိမ်း.. သိမ်း .. ဆိုတော့ .. စာပွဲပေါ်က စာအုပ်တွေကို ဆာလာအိပ်တွေထဲ ညီမနှစ်ယောက် ကောက်ထည့် .. အမေကလဲ .. အရေးကြီးတဲ့ စာရွက်တွေ သိမ်း.. ( သဲလေးတို့ အိမ်က မီးခံတိုက်ဆိုတော့ အမေက ဘယ်တော့မှ ပစ္စည်းတွေ မသိမ်းဘူး.. ထွက်ပြေးရင် ပျောက်မှာ စိုးရတာကော. .နောက် ပြာပြီး ဘာမှ မသယ်တာပါ.) . သဲလေးတို့ညီမနှစ်ယောက်က လဲ စာအုပ်တွေပဲ သိမ်း .. အဲဒီ စာရွက်ထုပ်တွေ အဖေကားပေါ်တင်ပေးပြီး.. အဖေက မြို့ပြင်က သူငယ်ချင်း ခြံမှာ ကားရပ်ထားခဲ့ရော.. နောက် အဖေက လဲ ပြာနေတော့ ကားကလဲ သော့မခတ်ခဲ့ ဘူးတဲ့.. ဈေးက မီးက ကြည့်ရင်းမှာ ကြီးလာလိုက်တာ .. နောက် သဲလေးတို့ အိမ်က နေ ဘယ်လိုမှ မနေနိုင်တော့ဘူး ပူလွန်းလို့ .. ဈေးထဲမှာ ဆိုင်ရှိတဲ့ လူတွေက လဲ ပြာနေတာပါပဲ.. ဈေးတခါးက လဲ ဖွင့်မပေးသေး … မီးက တဖြည်းဖြည်းနဲ့ ကြီးလာတယ်.. မြို့မှာရှိတဲ့ ၃စီးထက်မပိုတဲ့ မီးသတ်ကား ထဲက တစ်စီးရောက်လာပြီး .. နောက် ဘာကျန်ခဲ့ လို့ဆိုလား အဲဒီနားမှာ ရပ်နေတယ်.. ရေပိုက်ခေါင်းလား ဘာလားမသိဘူး.. (သဲလေးထင်ပါတယ်.. မီးသတ်ကားတို့ ရဲကားတို့ ဟာ ရုပ်ရှင်တွေထဲကလို အမြဲတမ်း ပွဲပြီးခါနီးမှ ရောက်လာနေကျလို့ပါ).. ဈေးသယ်တွေကလဲ ဆူညံလှပြီ… မြို့ထဲက တခြား ဈေးဆိုင်မရှိတဲ့သူတွေကလဲ ပစ္စည်း အချောင်ရအောင် လာစောင့်နေကြတယ်.. ဈေးတခါးလဲ နောက်ဆုံးဖွင့်ပေးလိုက်ရော.. မကျန်တော့တဲ့ ဆိုင်တွေကလဲ မကျန်တော့ပါဘူး. ကျန်တဲ့ ဆိုင်တွေကလဲ.. လုတဲ့ လုကလုခံရ.. ကူသယ်ပေးသလိုလိုနဲ့ ယူသွားတဲ့သူတွေက ယူသွားနဲ့ ဘာမှ မကျန်တော့ပါဘူး.. နောက် ဈေးလဲ အကုန်ပြုတ်ပြုတ်ပြုံးတာပါပဲ.. ကြားရတာတော့ ရို့မီးလို့ ပြောကြတယ်.. နောက်နေ့ စစ်ဆေးရေး လာမှာမို့လို့ ဈေးရုံးကို မီးရို့တာလို့ ကြားတာပဲ .. ဖြစ်နိုင်ပါတယ်. ဘာလို့လဲ ဆိုတော့ အဲဒီမတိုင်ခင်ကတင် မိုးကတော်တော် သည်းသည်းမဲမဲ ရွာနေတာပါ.. မီးက ပြင်းလွန်းလို့ အဒေါ်အိမ် ဆို ရေစက်ခုတ်ပြီး ရေကို ဒူးခေါင်းမြုတ်တောင် တအိမ်လုံး ဖြန်းတာကို နောက် နေ့ အိမ်ပြန်ရောက် တော့ ရေတစက်မှ မကျန်တဲ့ အပြင် .. ပစ္စည်းတွေက ပူလွန်းလို့ ကိုင်တောင် မကိုင်နိုင်ပါဘူး..
သဲလေးတို့လဲ အဲဒီနေ့က အိမ်မပြန်ပဲ အဖေ့ အသိတစ်ယောက်အိမ်မှာ မီးဘေးရှောင်ရပါတယ်.. စာအုပ်စုတ်တွေပဲပါလာတဲ့ အိတ်ကလေး တွေကိုယ်စီနဲ့ ညီမသုံးယောက် ဗိုက်ကဆာ အမေတို့ အဖေတို့က မီးသွားကြည့်တာ ပြန်မလာသေးနဲ့ တော်တော် ရီဖို့ ကောင်းပါတယ်.. နောက် အဲဒီအိမ်က ထမင်းကျွေးတော့ မှပဲ သုံ်းယောက်သားပြုံးနိုင်ပါတယ်.. နောက် တော်တော်များများ ကို ဘာတွေပါလာတော့ လဲ အကုန်လုံး ယူလာတာ တော်တော်များများ က အစုတ် တွေပါ.. တွေ့ တာ ကောက်ဆွဲလာကြတာဆိုပဲ.. မီးကလဲ နည်းနည်းကျိုးပြီဆိုတော့ စိတ်အေးအေးနဲ့ ရီနိုင်ကြပါပြီ.. တချို့ ကိစ္စတွေက ဖြစ်တုန်းသာ စိတ်ညစ်ရ စိတ်ပူရတာ.. ပြီးရင် တော်တော်ရီစရာကောင်းတဲ့ အဖြစ်တွေပါပဲ.. အမကြီးတစ်ယောက် ဆို အမေ့ ထမီ စောက်ထိုးလုပ်ပြီး အိမ်ခေါင်မိုးပေါ်လှန်း ရင် မီးကွင်းတယ်ဆိုလို့ အဲဒါလိုက်ရှာပြီး လုပ်နေရတာနဲ့ပဲ နောက် အရမ်းပူလာလို့မနေနိုင်လို့ ဆင်းလာခဲ့ရတယ်..ဘာမှ မသိမ်းခဲ့ ရဘူးဆိုလားပဲ.. သဲလေးတို့အိမ်များ မီးထဲပါသွားရင် .. ဘာမှ ရမှာ မဟုတ်ပါဘူး.. စာအုပ်တွေပဲ ကျန်ခဲ့မှာပါ.. ၀တ်စရာတောင် ရှိမှာ မဟုတ်လောက်ဘူး နောက်မီးလောင်ပြီး အိမ်တအိမ်က မီးကွင်းဂမုန်း စိုက်ထားလို့ သူ့အိမ်တစ်ခုထဲ ကျန်ခဲ့ တယ်ဆိုပြီး အိမ်တော်တော်များများ မီးကွင်းဂမုန်း တွေ စိုက်တာ ခေတ်စားလိုက်သေးတယ်..
နောက်တစ်ခေါက်လောင်တော့ သဲလေးက မကွေးမှာ ကျောင်းတက်နေတာဆို တော့ မသိလိုက်ဘူး.. အဲဒီမီးက လဲ တော်တော်ကြီးတဲ့ မီးပါ.. မြို့တမြို့လုံးနီးပါး ကုန်တာပဲ.. ဟိုနားက မီးလောင်လို့ သူများအိမ်ကို သွားသယ်ပေးနေတုန်း ကိုယ့်အိမ်ကို မီးလောင်သွားလို့ ဘာမှ မရလိုက်တဲ့ သူတွေ အများကြီးပါပဲ. ဆီပုံးတွေ ပေါက်ပြီး.. အဝေးကြီးကို မီးကူးကုန်တာပါ.. သဲလေးတို့နောက်နေ့ ပြန်တော့ ကို အိမ်ပြန်တော့ကို မြို့ မှာ မီးငွေ့ငွေ့ နဲ့ တမြို့လုံး ပြာပုံပဲ ကျန်ပါတော့တယ်.. သဲလေးတို့ အိမ်မပါလို့ တော်ပါသေးတယ်..
အဖေငယ်ငယ်ကလည်း တမြို့လုံးကုန်အောင် မီးလောင်ဖူးပါတယ်တဲ့ အဲဒါလဲ အဝေးကြီးက နေကူးတာပဲတဲ့ .. သဲလေးအဖေ ပြောတာကတော့ သူမှတ်မိတာက အဲဒီနေ့ က ကြက်ဟင်းခါးသီး ချက် စားတုန်းမီးလောင်တာဆိုလားပဲ.. ကြက်ဟင်းခါးသီးချက် က ကောင်းလွန်းလို့ အဲဒီအိုးကို မရမက သယ်ခိုင်းနေတာနဲ့ ဘာမှ မသယ်ခဲ့ ရဘူးဆိုလားပဲ.. အဖေက ငယ်ငယ်က တော်တော်ဆိုးပါတယ်.. အဖေ့ အဖေက ရေနံ တွင်းစား အမေက ရွှေကုန်သည်ဆိုတော့ တော်တော် ချမ်းသာတဲ့ အထဲမှာ ပါတယ်.. အဖေ့ အဖေလက်ထက် က ရေနံ ချက်စက်ရုံပုံတွေ တောင် တွေ့ ဖူးပါသေးတယ်.. အဖေက စာအုပ်ဖတ်လွန်းလို့ ပျက်စီးမသွားတာ လို့ ပြောကြတယ်.. အဖေ့ အဖေ က အဖေ ငယ်ငယ်ကတည်း က ဆုံးသွားပြီး .. အဖေက အဒေါ်လင်မယားနဲ့ အမေကြားမှာ အလိုလိုက်ခံ ထားရတာပါ.. အဖေ့ အမေက ဆို စကားမာမာတောင် အဖေ့ ကို မပြောဖူးဆိုပဲ .. နောက် အဒေါ်လင်မယားက လဲ သမီးတစ်ယောက်တည်း ရှိတော့ အဖေ့ ကို ပြန်မွေးစားပြီး တော်တော်ချစ်ပါတယ်.. ငယ်ငယ်က နေမကောင်းလို့ ဆေးတိုက်ခါနီး ရင် စာအုပ်တစ်အုပ်ဝယ်ပေးရတယ် ဆိုလားပဲ .. အဖေ့ စာအုပ်တွေ လဲ အများကြီးပါပဲ.. အဖေ့ ကို အမျိုးတွေက ကြောက်ကြတယ်.. အဖေ့ က သူကြည့် မရ မရသလို ပြောတတ်လို့ပါ.. အဖေက တော်တော် ကံကောင်းတဲ့ သူလို့ ပြော ရမယ်.. သဲလေးတို့ ငယ်ငယ် ကဆို ခဏ ခဏ ရိုက်ခံ ရပါတယ်. .အဲဒါဆို အဖေ့ ကို အဖေက သူငယ်ငယ်က ကျ အရမ်းအလိုလိုက် ခံရပြီး သဲလေးတို့ က ရိုက်တယ်လို့ အမြဲ ပြောပါတယ်..
နောက်မှ အဖေ့ အကြောင်း ဆက်ရေးပါအုံးမယ်.
Posted byThelay at 10:03 AM 0 comments
