Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

သဲလေးသို့ အိတ်ဖွင့်ပေးစာ (ယနေ့ ၀၅-၀၆-၀၇ မှ စ၍ ၅နှစ်ကြာသောနေ့တွင် ဖတ်ရန်)

ဒီနေ့ ဟိုကြည့်ဒီကြည့် နဲ့ native Myanmar forum ထဲကိုရောက်သွားတော့ အဲဒီမှာရှိတဲ့ အကြောင်းအရာတစ်ခုကို စိတ်ဝင်စားသွားပြီး သူတို့လို လိုက်လုပ်ကြည့်ချင်စိတ်ပေါ်သွားတယ်
နောက် ၅နှစ်အတွက်.. ကိုယ့်ကိုကိုယ်ပေးတဲ့ စာတဲ့လေ.. ကျန်တဲ့ ဘလောက်က သူငယ်ချင်း မောင်နှမများလဲ စမ်းမလုပ်ကြည့်ချင် ကြဘူးလား…အခုတစ်လော. သဲလေး ဖြစ်ချင်တာတွေ သိပ်များနေပါတယ်.. အခုနှစ် တနှစ်လုံးဟာ သဲလေးအတွက် ကံမကောင်းတဲ့ နှစ်ပါပဲ. အဆင်မပြေတာတွေ တစ်ခုပြီးတစ်ခုပါပဲ.. အဓိက ကတော့ ကိုယ့်စိတ်ကိုယ်ပါပဲလေ… အခုတော့ ဒီထဲက ရုံးထွက်ချင်ပြီ.. တကယ်တော့ နောက် ငါးနှစ်လောက်က နေ အခုကို ပြန်ကြည့် ရင် အခု ရှိတဲ့ ပြဿနာတွေဟာ ရီစရာ ဖြစ်ရင်ဖြစ်နေမှာပါ.. သဲလေးဟာ သိပ်စိတ်စောပါတယ်.. ငယ်ငယ်ကဆို မနက် သွားစရာ ခရီးတစ်ခုခုရှိရင် ..လုံးဝမအိပ်တော့ပါဘူး…အိပ်လို့လဲ လုံးဝမရပါဘူး.. နောက် လုပ်ချင်တာရှိရင် တန်းပြီး ကောက်လုပ်လိုက်ပါတယ် ..အဲ.. အဲဒီလို လုပ်လို့မရတဲ့ အရာများဆိုရင်တော့ စိတ်ထဲမှာ အဲဒီ အကြောင်းပဲတွေး.. အမြဲ စိတ်ဆင်းရဲနေတတ်ပါတယ်.. ကဲ.. အောက်ကစာကို ဖတ်ကြည့်ကြရင် ..ကျန်တဲ့မောင်နှမများလဲ လိုက်ရေးကြပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်

ချစ်ရပါသော သဲလေးရေ…

နေမှကောင်းပါစ.. နင်နေကောင်းပါစေလို့ပဲ ငါဆုတောင်းပါတယ် သဲလေးရယ်.. နင်နဲ့ အတူတူ နင့်ချစ်တဲ့သူတွေလဲ ..နင်အနားမှာ ရှိဆဲပဲ ဖြစ်ပါစေ.. ဘယ်အရာမှတော့ မမြဲဘူးပေါ့ဟာ.. ဒါပေမယ့် နင်ဘေးမှာ နင့်ဖေဖေ မေမေ ရှိပါစေလို့ ငါဆုတောင်းနေပါမယ်… နင်အမေကို စိတ်ဆင်းရဲ အောင်လုပ်တုန်းပဲလားဟင်.. စိတ်လျှော့ပါတော့ဟယ်.. အချိန်နည်းနည်းလေးပဲ သူတို့ အတွက် ကျန်တော့တာပါ.. တတ်နိုင်သမျှ စိတ်ချမ်းသာအောင် ထားပါဟယ်.. ဘာပဲဖြစ်ဖြစ် မိဘစိတ်ချမ်းသာအောင် ထားရင် နင်မဆင်းရဲပါဘူး…
နင် ဘွဲ့တစ်ခုလောက်တော့ ရပြီးရောပေါ့ .. နင်ဖေဖေ မြင်ချင်တဲ့ ဘွဲ့ဓာတ်ပုံနဲ့ ဓာတ်ပုံ ရိုက်ပြီးပလား … နင့် ဖေဖေက နင့် ဘွဲ့ဓာတ်ပုံ ချိတ်ဖို့ ချန်ထားတယ် ဆိုတဲ့ နေရာမှာ .. နင် မိသားစုနဲ့ အတူ ရိုက်ပြီး ချိတ်ပြီးသွား ပလား … ဒါမှမဟုတ် နင်ဖြစ်ချင်တဲ့ ကျောင်းဆရာမ ဆိုတာကော.. ဒါမှမဟုတ်.. အိမ်မှာ မီးဖိုချောင်နတ် ဖြစ်နေပြီလား.. မဖြစ်နိုင်လောက်ဘူး ထင်ပါတယ် … နင် အဲဒီ ဘ၀မှာ ပျော်နိုင်မယ် မထင်ပါဘူး…
နင် အခုထက် ပိုပြီး ရင့်ကျက်ပြီလား .. ကိုယ့်ကိုကိုယ်ရော စိတ်ချမ်းသာအောင် ထားတတ်ပြီလား .. ရတဲ့ ဖြစ်တဲ့ ဘ၀မှာ ပျော်အောင်နေတတ်ပြီလား … သူများမြက်ခင်းစိမ်းတယ် ထင်တုန်းပဲလား ဟင် … နင် ရင်ကျက်နေလောက်ပြီလို့ ငါမျှော်လင့်ပါတယ်…
နင် အခု ဘယ်ကိုရောက်နေပြီလဲ.. နင်တနေ့ ပြန်မယ်ဆိုတဲ့ နင့်မြို့လေးကို ကော .. ပြန်ဖို့ နီးစပ်ပြီလား.. ဒါမှမဟုတ် ရောက်ပဲ နေပြီလားဟင်.. အေးလေ.. တကယ်တော့ လဲ ကိုယ့်ဇာတိ ကိုယ့်မွေးရပ်မြေသာ အကောင်းဆုံးပါပဲ.. ဒါမှမဟုတ်.. နင်မြို့ပြရဲ့ ပူလောင်မိတွေကြား မြောများနေပြီလားဟင်.. အဲဒီလိုတော့ မဖြစ်ပါစေနဲ့ ဟင်…
ဟဲ့ .. အရင်တစ်ယောက်နဲ့ပဲလား.. အိမ်ထောင်ကျ နေပလား.. ကလေးတွေကော ရနေပြီလား..ယောက်င်္ကျားလေးလား.. မိန်းကလေးလား.. အေး နင်နဲ့ တူတဲ့ သမီးလေးမွေး ရင်တော့ နင်တော့ ၀ဋ်လည်တာပဲ … သူကော ဘာတွေ လုပ်နေလဲ.. နင့်ကိုကော ပျော်အောင်ထားရဲ့လား.. ရန်ဖြစ်တုန်းပဲလား.. အစဉ်ပြေအောင် နေစမ်းပါဟယ်.. နင်ဝယ်ချင်တဲ့ အိမ်ဆိုတာကော ရပြီလား.. အေး နင်အဆင်ပြေပါစေ ဟယ် …
နင်ပျော်အောင် နေတတ်ပါစေ ဟယ်.. ဘာပဲဖြစ်ဖြစ် ပျော်အောင်နေရင် ပျော်မှာပါဟယ်.. စိတ်တွေလဲ သိပ်မစောပါနဲ့တော့.. အားလုံး အစဉ်ပြေမှာပါ.. နင်အရင်က စိတ်စောခဲ့ တာတွေကလဲ. အချိန်ကျတော့ ဘာမှမဟုတ်ဘူးမလား ရောက်တဲ့ အချိန်တိုင်းမှာ ပျော်ရင် အကောင်းဆုံးပေါ့ ဟာ..
ဟဲ့ နောက် ဆုံးအနေနဲ့ နင့်ကို တစ်ခုမေးရအုံးမယ်.. နင့်ကို ဗေဒင်တိုင်းက ဟောတဲ့ ဟာ ဖြစ်သလားဟဲ့ ..
သြော် ဒါနဲ့ နင်ကို အရင်က သူများပြောဖူးတဲ့ .. အချစ်ဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ရီစရာပါ ဆိုတာကော ဟုတ်သလား..
အေး နောက်ဆုံးအနေနဲ့ နင်ကို မှာရအုံးမယ်.. သိပ်မ၀စေနဲ့ နော်.. သိပ်ဝနေမယ်လို့တော့ ငါမထင်ပါဘူး..
အေးအေး … ငါ့ဆီကို စာပြန်အုံးနော်.. သိလား..

သဲလေး(၀၅-၀၆-၀၇)

Posted byThelay at 12:14 PM  

2 comments:

demo said... June 5, 2007 12:50 PM  

5 years? So it will be on the 5 June 2012? sis, good idea.. I should write a letter to myself too.. =) It's really nice post..

Zin Ko Latt said... June 7, 2007 3:54 AM  

မသဲလေးရေ . . ဒီလိုမျိုး ရေးမလို့ပါပဲ၊ ဒါပေမယ့် ဘယ်လိုမှကို အိုင်ဒီယာမမိသေးလို့ မရေးသေးဘူးနော်။

Post a Comment